ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာဘူးလ်မြို့တော် မြောက်ဘက်နားက ကာပီစာ ပြည်နယ်မှာ တိုက်ပွဲတွေ ရှိနေ
ရေးသားခဲ့သည်။
အာဖဂန်နစ္စတန် အစိုးရက တာလီဘန်တို့နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးနိုင်မယ့် နည်းလမ်းတွေ ကြိုးစား ရှာဖွေ နေချိန်မှာပဲ နိုင်ငံရဲ့ တချို့ နေရာတွေမှာ တိုက်ပွဲတွေ ရှိနေပါတယ်။
အဲဒီထဲက နေရာ တခုကတော့ ကာဘူးလ်မြို့တော် မြောက်ဘက်နားက ကာပီစာ ပြည်နယ်ပါ။
အဲဒီက စာသင်ကျောင်း နားမှာ ရှေ့တန်းစစ်မျက်နှာ ဖြစ်နေပြီး ကျောင်းသားတွေ၊ ဆရာတွေက တိုက်ပွဲတွေ ကြားက ဗုံးတွေ ကျည်ဆန်တွေကြား ပြေးလွှားနေကြရပါတယ်။
ဘီဘီစီ သတင်းထောက် အော်လီယာ အာထရာဖီ ရဲ့ အထူး သတင်းလွှာကို ကိုမိုးမြင့် ပြောပြပါမယ်။