ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိုင်စီဂျေမှာ မြန်မာနဲ့ ဂမ်ဘီယာ အပြန်အလှန် လျှောက်လဲ
ဒီဇင်ဘာ ၁၂ရက်နေ့မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ နှစ်ဘက် အပြန်အလှန် လျှောက်လဲ ကြပါတယ်။ မြန်မာနိုင်ငံဟာလူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ် အစီအမံအမိန့်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို အိုင်စီဂျေမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ဂမ်ဘီယာနိုင်ငံက စတင်လျှောက်လဲခဲ့ပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံဘက်က ပြန်လည်ချေပ လျှောက်လဲ ခဲ့ပြီး ၁၂ ရက်နေ့မှာတော့ နှစ်ဘက် အပြန်အလှန် လျှောက်လဲကြတာ ဖြစ်ပါတယ်။
ဆိုတော့ ဘာတွေ လျှောက်လဲ ခဲ့ကြသလဲ ဆိုတာ သာဟိဂ်မှာ ရောက်နေတဲ့ ဘီဘီစီ ဌာနမှူး ကိုမင်းထက် ကို ဆက်သွယ်မေးကြည့်ပါတယ်။