ICJ တရားရုံးမှာ မြန်မာဘက်က ဘယ်လို ချေပနိုင်ဖွယ်ရှိလဲ

ရေးသားခဲ့သည်။

ICJ တရားရုံးမှာ မြန်မာဘက်က ဘယ်လို ချေပနိုင်ဖွယ်ရှိလဲ

နိုင်ငံတကာတရားရုံး ICJ ကို လူမျိုးတုံးစေမှု ဂျီနိုဆိုက်နဲ့ မြန်မာကို တရားစွဲတဲ့ ဂမ်ဘီယာ နိုင်ငံကိုယ်စားလှယ်လည်းဖြစ် ဂမ်ဘီယာ ရဲ့တရားရေးဝန်ကြီးလည်း ဖြစ်တဲ့ ရှေ့နေ အဘူဘာကာ မရီး တမ်ဘာဒူး က သူ သိရတဲ့ ဇာတ်လမ်းတွေက ကမ္ဘာမှာ အရင်က ဖြစ်ခဲ့တဲ့ ဂျီနိုဆိုက် အဖြစ်တွေလိုပဲ လို့ ပြောပါတယ်။

သူတို့က ကြားဖြတ်ဆောင်ရွက်မှုတွေ လုပ်ဖို့လည်း ပထမအဆင့်အနေနဲ့ တရားရုံးကို တင်ပြထားပါတယ်။

ဂမ်ဘီယာနိုင်ငံက အဲဒီ တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၁၀ရက် ကနေ ၁၂ ရက်နေ့အထိ လုပ်မယ့် နိုင်ငံတကာ တရားရုံး ICJ က တရားခွင်မှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေကြောင်းအရ ပြန်လည် ခုခံချေပရဖို့ ရှိပါတယ်။

အဲဒီတရားခွင် အဆင့်မှာ မြန်မာနိုင်ငံက ချေပတဲ့နေရာမှာ ဘယ်လိုအချက်တွေ ထုတ်ဖော်တင်ပြနိုင်ဖွယ်ရှိလဲ၊ ICJ တရားသူကြီးတွေကရော ဘယ်အပေါ်တွေမှာ မူတည် ဆုံးဖြတ်မှာလဲ။

နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို အထူးပြုလေ့လာတဲ့ ဥပဒေပညာရှင် အငြိမ်းစားပါမောက္ခ ဒေါက်တာ မြင့်ဇံ ကို ဘီဘီစီအကြီးတန်း သတင်းထောက် စောရန်နိုင် က သီးသန့် တွေ့ဆုံမေးမြန်း ထားပါတယ်။