တိုက်ဖွိုက် ရောဂါ ကာကွယ်ဆေးသစ်

ရေးသားခဲ့သည်။

တိုက်ဖွိုက်လို့ ခေါ်တဲ့ အူရောင်ငန်းဖျားရောဂါ ကာကွယ်ဆေးသစ်ကြောင့် ထောင်ပေါင်းများစွာသော လူ့အသက်တွေကို ကယ်ဆယ်နိုင်တော့မယ်လို့ ဆိုပါတယ်။

ပါကစ္စတန်မှာ ဆိုရင်လည်း တိုက်ဖွိုက်ရောဂါ ကူးစက်မှု ဖြစ်ပွားပြီးနောက်မှာ အဲဒီ ပိုးဟာ ပဋိဇီဝဆေး တော်တော်များများ မတိုးတော့တဲ့ အတွက် အခု ကလေးသူငယ်ပေါင်း ၉ သန်းလောက်ကို ဒီဆေးတွေ ထိုးနှံပေးနေပါတယ်။

တိုက်ဖွိုက်ဟာ အစားအသောက်နဲ့ ရေကနေ တဆင့်ကူးစက်နိုင်ပြီး နှစ်စဉ် ကမ္ဘာတဝန်း လူပေါင်း ၁၆၀၀၀၀ လောက်ဟာ တိုက်ဖွိုက်ကြောင့် အသက်ဆုံးရှုံးနေရပါတယ်။

ကိုသိမ်းမြတ်က ပြောပြမှာပါ။