ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကေပေါ့စတား ဂျန်ဂျူးယန်နဲ့ ချွိုင်ဂျုံဟွန်းတို့ မုဒိမ်းမှုနဲ့ ထောင်ကျ
တောင်ကိုရီးယားက ကေပေါ့စတားတွေဖြစ်တဲ့ Jung Joon-young နဲ့ Choi Jong-hoon တို့ကို အရက်မူးနေတဲ့ အမျိုးသမီးတွေအပေါ် မုဒိမ်းမှု၊ အဲဒီလိုကျူးလွန်နေစဉ် မှာ သူတို့ထဲက တစ်ဦးက ဗီဒီယိုရိုက်ပြီး ဖြန့်ချိမှုနဲ့ ထောင် ၆ နှစ် နဲ့ ၅ နှစ် အသီးသီး ချမှတ်လိုက်ပါတယ်။
တစ်ချိန်တည်းမှာ ကင်မရာနဲ့ ခိုးရိုက်ခံရပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ အဆိုတော် သရုပ်ဆောင် ဂူးဟာရာရဲ့ ပရိသတ်တွေကလည်း အခုလို လျှို့ဝှက် ကင်မရာတွေနဲ့ ခိုးရိုက်တဲ့ ကျူးလွန်မှု တွေကို ထိထိရောက်ရောက် အရေးယူဖို့ တောင်းဆိုနေကြပါတယ်။
တောင်ကိုရီးယားမှာ ဒီပြဿနာ ကျယ်ပြန့် လာတာနဲ့ပတ်သက်လို့ ဘီဘီစီသတင်းထောက် လော်ရာဘစ်ကာရဲ့ သတင်းကို မဝင်းစန္ဒာဦးက ပြောပြမှာပါ။