ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မဟာမိတ်နိုင်ငံပေါင်း ၅၀ ကျော်ပါတဲ့ အစည်းအဝေးမှာ သမ္မတ ဇလန်းစကီး တောင်းဆို
ရေးသားခဲ့သည်။
ယူကရိန်းကို တင့်ကားတွေ နဲ့ ခေတ်မီ လက်နက်တွေ အရေးပေါ် ထောက်ပံ့ကူညီဖို့ ဂျာမနီနိုင်ငံမှာ ရှိတဲ့ အမေရိကန် လေတပ်အခြေစိုက်စခန်းမှာ ပြုလုပ်တဲ့ မဟာမိတ်နိုင်ငံပေါင်း ၅၀ ကျော်ပါတဲ့ အစည်းအဝေးမှာ သမ္မတ ဇလန်းစကီးက တောင်းဆိုလိုက်ပါတယ်။
လက်နက်တွေ လိုအပ်နေတဲ့ နေရာတခုက အပြင်းထန်ဆုံးစစ်ပွဲရဲ့ မြင်ကွင်းတချို့မြင်ရတဲ့ ဆော်လဒါး မြို့ဝန်းကျင်မှာဖြစ်ပါတယ်။
လပိုင်းအတွင်းမှာ ရုရှားက ပထမဆုံးအကြိမ် စစ်ပွဲ အနိုင်ရတာဖြစ်ပါတယ်။ ဆော်လဒါး ကနေ ဆုတ်လာတဲ့ ယူကရိန်း စစ်သား တစ်ယောက်ကို စကားပြောခဲ့တဲ့ ဘီဘီစီ သတင်းထောက် အန်ဒရူး ဟာဒင်းရဲ့ သတင်းကို ကိုမင်းထက် ပြောပြပါမယ်။