ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လက်တင်အမေရိကမှာ ကိုယ်ဝန်ဖျက်ချတာကို လုံးဝ တားမြစ်ထားတဲ့ နိုင်ငံ အတော်များ
လက်တင်အမေရိကမှာ ကိုယ်ဝန်ဖျက်ချတာကို ဆက်လက်ပြီး လုံးဝ တားမြစ်ထားတဲ့ နိုင်ငံ အတော်များများ ရှိနေပါတယ်။
အဓမ္မပြုကျင့်ခံရလို့၊ သွေးသားရင်းချာချင်း စပ်ယှက်မိလို့ ရလာတဲ့ ကိုယ်ဝန်တွေသာမက ကိုယ်ဝန်ကြောင့် မိခင် အသက်အန္တရာယ် ရှိနိုင်တဲ့ အခြေအနေမျိုးမှာတောင် ကိုယ်ဝန်ဖျက်ချခွင့်ကို တားမြစ်ထားပါတယ်။
ကိုယ်ဝန်ပျက်ကျသွားပြီးနောက် လူသတ်မှုနဲ့ ထောင်ဒဏ် နှစ်သုံးဆယ် ချမှတ်တဲ့ ဖြစ်ရပ်တွေ အယ်လ် ဆာဗေးဒေါ မှာ အတော်များ ပါတယ်။
ဘီဘီစီ အမေရိက အလယ်ပိုင်းရေးရာ သတင်းထောက် ဝလ် ဂရန့်က အဲဒီထဲက အမျိုးသမီး တစ်ယောက်ကို ဆန် ဆာလ်ဗေဒေါ မြို့တော်မှာ သွားရောက် တွေ့ဆုံထားပါတယ်။
ဒီအကြောင်း ကိုသိမ်းမြတ် ပြောပြပေးပါမယ်။