ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားစစ်သားတွေက အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေ ဘီဘီစီ ရရှိထား
အရပ်သားတစ်ယောက်ကိုပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ရုရှားစစ်သားတစ်ယောက်ကို ပထမဆုံး စစ်ရာဇဝတ်မှုအတွက် အမှုဖွင့်ဖို့ အသင့်ရှိနေပြီလို့ ယူကရိန်း အစိုးရရှေ့နေတွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံတဝန်းမှာ ရုရှားတပ်ဖွဲ့တွေလုပ်ဆောင်ခဲ့တဲ့ အလားတူ သတ်ဖြတ်မှုအများအပြားအတွက် အထောက်အထားတွေကို ရဲတွေက စုဆောင်းနေပါတယ်။
ပြီးခဲ့တဲ့လက ရုရှားတပ်ဖွဲ့တွေ ဆုတ်ခွာသွားခဲ့ချိန်က ကိယက်ဗ်မြို့ အဝင် အဓိက လမ်းကြောင်းတကြောတည်းမှာတင် အရပ်သားအလောင်းတွေ ဒါဇင်နဲ့ချီပြီး တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အဲဒီနေရာမှာပဲ လက်နက်မဲ့ အမျိုးသား နှစ်ယောက် သွေးအေးအေးနဲ့ သတ်ဖြတ်ခံခဲ့ရတယ် ဆိုတဲ့ အထောက်အထားတွေကို ဘီဘီစီက ရရှိခဲ့ပါတယ်။
ကိယက်ဗ်မြို့တော်ကနေ ဆာရာ ရိန်းစ်ဖို့ဒ် ပေးပို့တဲ့ သတင်းကို မသီဒါနွယ် ပြောပြပေးပါမယ်။