ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံ စီးပွားရေး အကျပ်အတည်းကနေ စတင်တဲ့ မငြိမ်သက်မှု
ရေးသားခဲ့သည်။
တစ်နိုင်ငံလုံး ညမထွက်ရအမိန့် ထုတ်ပြန် ထားတဲ့ သီရိလင်္ကာက လမ်းမတွေပေါ်မှာ စစ်သားတွေနဲ့ ရဲတွေ ကင်းလှည့်နေပါတယ်။
ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာတာနဲ့ပတ်သက်လို့ ဆန္ဒပြမှုတွေ သီတင်း လေးပတ်ကြာ ဖြစ် ခဲ့အပြီး ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာ ပတ်ရှား ရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက်မှာ နိုင်ငံတဝန်း အကြမ်းဖက်မှုတွေ ကျယ်ပြန့် လာခဲ့ပါတယ်။
တနိုင်ငံလုံး ထုတ်ပြန်ထားတဲ့ ကာဖျူးအမိန့် က ဗုဒ္ဓဟူးနေ့အထိ သက်ရောက်မှု ရှိပါတယ်။
တိုင်းပြည် စီးပွားရေး အကျပ်အတည်းကနေ စတင်ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့ရ ပါတယ်။
မသီဒါနွယ် ပြောပြပေးပါမယ်။