ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီမိုကရေစီရေး တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရခဲ့ကြသူတွေကိုလည်းကုသပေး
မြန်မာ နိုင်ငံဟာ အခု ပြည်တွင်းစစ်ဖြစ်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်
လက်နက်ကိုင်ဆောင်တဲ့ အရပ်သား အဖွဲ့တွေ အချင်းချင်း ကွန်ရက် ချိတ်ဆက်ပြီး ဒီမိုကရေစီပြန်လည် ရရှိရေးအတွက် တိုက်ပွဲဝင်နေကြပါတယ်။
ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ကလည်း ပြည်သူလူထု အုံကြွမှုတွေကို ရက်စက်တဲ့ နည်းဗျူဟာသုံးပြီး ချေမှုန်း နေပါတယ်။
အိမ်နီးချင်းအိန္ဒိယနိုင်ငံက မီဇိုရမ်ပြည်နယ်က သူတို့အတွက် ခိုလှုံရာတစ်နေရာ ဖြစ်လာပါတယ်။
ဒီမိုကရေစီရေး တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရခဲ့ကြသူတွေကိုလည်း အဲဒီမှာ ဆေးကုသမှု ပေးနေပါတယ်။
ဘီဘီစီ သတင်းထောက် Aamir Peezada မီဇိုရမ်က နေပေးပို့တဲ့ သတင်းကို ကိုမင်းထက် ပြောပြပေးပါမယ်။