ရုရှားကို ခုခံဖို့ လက်နက် ပိုထောက်ပံ့ဖို့ နေတိုးအဖွဲ့ကို ယူကရိန်းတောင်းဆို

ရေးသားခဲ့သည်။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးက ရုရှားတပ်ဖွဲ့တွေကို ခုခံဖို့ သူ့နိုင်ငံကို လက်နက်တွေ ပိုမို ပံ့ပိုးပေးပါလို့ အနောက်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

ကိယက်ဗ်မြို့တော် မြောက်ပိုင်းက ရွာတွေမှာ ရုရှား တပ်ဖွဲ့တွေက ယူကရိန်း အရပ်သားတွေကို လူသားဒိုင်းသဖွယ် အသုံးပြုနေတယ် ဆိုတဲ့ အထောက်အထားတွေ ဘီဘီစီက တွေ့ရှိရတဲ့ အချိန်မှာ အခုလို တိုက်တွန်းမှု ပေါ်ထွက်လာတာပါ။

အီဗန်ကိဗ် ဒေသကို ပထမဆုံး ရောက်သွားတဲ့ သတင်းထောက်တွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်တဲ့ ဘီဘီစီ သတင်းထောက် ဂျယ်ရမီဘိုဝင် ရဲ့ သတင်းကို ကိုမင်းထက် ပြောပြပေးပါမယ်။

အခုသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါနိုင်တယ် ဆိုတာ ကြိုတင် အသိပေးပါရစေ။