မဲသွားပေးကြမယ်ဆိုရင် ခိုင်မာတဲ့ မဲဖြစ်အောင်၊ အန္တရာယ်ကင်းကင်းနဲ့လည်း ပေးနိုင်အောင်...

ရေးသားခဲ့သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ နေ့ကျရင် မဲရုံမှာ မဲဘယ်လို ပေးရမလဲ ဆိုတာ သေချာ သိထားပြီးပါပြီလား။ COVID-19 ကပ်ရောဂါ ကြားမှာပဲ လုံခြုံ စိတ်ချ စွာနဲ့ ကိုယ့်ရဲ့ ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးရအောင် ဘယ်လို လုပ် ဆောင်မလဲ။ မဲသွားပေးကြမယ်ဆိုရင်တော့ ကိုယ့်မဲကို ခိုင်မာတဲ့ မဲဖြစ်အောင်၊ အန္တရာယ်ကင်းကင်းနဲ့လည်း ပေးနိုင်အောင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြချက် တွေ ကို ကိုးကားပြီး အောက် ပါ အကြံပြုချက်တွေကို ဘီဘီစီရဲ့ ရွေးကောက်ပွဲ အထူး အစီအစဉ် အဖြစ် တင်ဆက်ပေးထားပါတယ်။