ဗြိတိန် Thomas Cook ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီပြိုလဲ

ရေးသားခဲ့သည်။

နောက်ဆုံးမိနစ်တိုင်အောင် နလံထူနိုင်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပဲ၊ နှစ်ပေါင်း ၁၇၈နှစ်သက်တမ်းရှိခဲ့တဲ့ ဗြိတိန်Thomas Cook ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီကတော့ ပြိုလဲခဲ့ပါပြီ။

ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက လုပ်ငန်းတွေရပ်ဆိုင်းခဲ့ရာကနေ ချက်ချင်းဆိုသလို ကုမ္ပဏီကို သက်ရောက်မှုတွေဖြစ်ခဲ့တာလို့ ဗြိတိန် လေကြောင်းအာဏာပိုင်တွေက ဆိုကြပါတယ်။

ဗြိတိသျှ ကုမ္ပဏီ Thomas Cook သောမတ်စ်ကွတ်ခ်ဟာ နိုင်ငံ ပေါင်း ၁၆ နိုင်ငံမှာ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေ၊ လေယာဉ်တွေနဲ့ အပျော်စီး သင်္ဘောတွေကို လည်ပတ်နေတာပါ။

ကုမ္ပဏီဟာ စီးပွားရေးဆက်လုပ်နိုင်ဖို့ လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှုမရှိတော့တဲ့ အတွက် စာရင်းရှင်း ဖျက်သိမ်း လိုက်ရ တာပါ။

ခရီးသွားပြည်သူတွေအပန်းဖြေရာရွေးချယ်တဲ့ နေရာတွေမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ အပြီးအစီး ဝန်ဆောင်မှုခရီးသွားလုပ်ငန်းတွေကို သုံးစွဲလာမှု ကျဆင်းလာတာတွေကြောင့် ကုမ္ပဏီကိုထိခိုက်မှုတွေ ရှိလာတာလို့ Thomas Cook ကယူဆထားပါတယ်။

ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံး ခရီးသွားကုမ္ပဏီ Thomas Cook ပြိုလဲသွားပြီဖြစ်လို့ ကမ္ဘာတဝန်းက အားလပ်ရပ် ခရီး သွားသူ သောင်းချီလည်း ခရီးမဆက်နိုင်ဖြစ်နေပါတယ်။

Thomas Cook အမှုဆောင် ပီတာပန့်ဟောက်ဆာကတော့ အကြီးအကျယ်နောင်တရစရာကိစ္စကြောင့် ပြိုလဲခဲ့ရတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီရဲ့အခြေအနေက မဖြစ်မနေကို ဖျက်သိမ်းရမယ့်အခြေအနေမှာရှိခဲ့တာကြောင့်မို့ ဖျက်သိမ်းခဲ့ရတာ ဖြစ်လို့ သန်းပေါင်းများစွာသော ကုမ္ပဏီရဲ့ဝန်ဆောင်မှုကိုရယူနေသူတွေနဲ့၊ ထောင်ပေါင်းများစွာသော အလုပ်သမားတွေကို တောင်းပန်ပါတယ်လို့ ပန့်ဟောက်ဆာက ပြောပါတယ်။

ကုမ္ပဏီဖျက်သိမ်းလိုက်တာကြောင့် ကမ္ဘာတဝှမ်းက Thomas Cook ရဲ့ ခရီးသွားလုပ်ငန်း အလုပ်သမား နှစ်သောင်းနှစ်ထောင်အလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။ အဲဒီထဲက ကိုးထောင်ကတော့ ဗြိတိန်နိုင်ငံသားတွေ ဖြစ်ပါတယ်။

ပို့ဆောင်ရေးအဖွဲ့ အတွင်းရေးမှူး ဂရန့် ဆက်စ်ကလည်း အခုလို ကုမ္ပဏီက အလုပ်သမားတွေနဲ့ နစ်နာသူတွေအတွက် အလွန်ဝမ်းနည်းမိပါတယ်လို့ ဆိုပါတယ်။

Thomas Cook က ကမ္ဘာ့လူသိအများစု ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတစ်ခုလဲဖြစ်ပြီးတော့ ၁၈၄၁ခုနှစ် ကတည်းက လက်စတာရှာရ်က အိမ်ထောင်ပရိဘောကတွေလုပ်တဲ့ Thomas Cook ကတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။