ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေနံချောင်း မြေနုကျွန်း ပဋိပက္ခ ဖရဲကျွန်းဘက်ကအမှုထပ်ဖွင့်မယ်
မကွေးတိုင်း ရေနံချောင်းမြို့နယ်က မြေနုကျွန်း ပဋိပက္ခဖြစ်စဉ်အတွင်းဒဏ်ရာနဲ့ ရေနစ်သေဆုံးခဲ့ သူအချို့ ကို ရဲစခန်းက အမူဖွင့်ဖို့ မိသားစုဝင်တွေကို အကြောင်းကြားတဲ့ အတွက် ဖရဲကျွန်းဘက် က အမှုထပ်ဖွင့်ဖို့ ရှိတယ်လို့ ဖရဲကျွန်းကျေးရွာက ဖရဲကအုပ်ချုပ်ရေးမှူးဦးမျိုးဇော်သန့် ဦးမျိုးဇော်သန့် က ဘီဘီစီကိုပြောပါတယ်။
ဆေးရုံကဆေးစစ်ချက်မှတ်တမ်း ထွက်လာအပြီးမှာ အခုလို အကြောင်းကြားလာတာ ဖြစ်ပြီးတော့ ဖရဲကျွန်းကျေးရွာဘက် ကတော့ သြဂုတ်လ ၆ ရက်နေ့မှာ အမူဖွင့်ရှိတယ်လို့လည်း ဦးမျိုးဇော်သန့် ကပြောပါတယ်။
မကွေးတိုင်း ရေနံချောင်းမြို့နယ်က မြေနုကျွန်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် လူလေးဦးကို ဇူလိုင် ၃၀ ရက်ညနေပိုင်းက ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့ပါတယ်။
တိုင်းအစိုးရ ရဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ကလည်း နှစ်ဘက်ရွာသားတွေ ကို စစ်ဆေးနေပြီး သြဂုတ်လ ၅ ရက်နေ့အထိ ဖရဲကျွန်း ကကျေးရွာဘက် က လူ ၂၀ ကျော်ကို စစ်ဆေးပြီးဖြစ်ပါတယ် ။
ဇူလိုင်၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ နှစ်ဘက်ရွာသားတွေအကြား လူအုပ်စုလိုက် တိုက်ခိုက်ခဲ့ ကြပြီး ဒီနေ့ အထိ ၂၉ ဦး အလောင်းရ ထားပြီး ၁၀ ဦးကတော့ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ပျေက်ဆုံးအလောင်းတွေကတော့တွေ့ဖို့ မလွယ်တော့ကြောင်းနဲ့ ရှာဖွေရေးအားလုံးရပ်သွားပြီဖြစ်ကြောင်း ရေနံချောင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတင့်လွင်ကပြောပါတယ်။
တိုင်းအစိုးရ ရဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ကလည်း နှစ်ဘက်ရွာသားတွေ ကို စစ်ဆေးနေပြီး သြဂုတ်လ ၅ရက်နေ့ အစီရင်ခံစာတင်မယ် ဆိုပေမယ့်စစ်ဆေးမှု ဆက်လုပ်နေဆဲဖြစ်တယ်လို့ လည်း ဖရဲကျွန်းကျေးရွာဘက် သိရပါတယ်။
ကံသာကျေးရွာက ဦးမောင်ဝင်း၊ ဦးဝင်းဦး၊ ကျမ်းကိုင်ကျွန်း ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ဦးသန်းဦးနဲ့ ဖရဲကျွန်းကျေးရွာက ဦးသန်းဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး အဲဒီနောက်ထပ်မံ ဖမ်းဆီးမှုတွေ မတွေ့ရသေးပါဘူး။
ဇူလိုင်၂၇ရက်နေ့ကတော့ ဖရဲကျွန်းဘက်က လူသတ်မှု၊အလောင်းဖျောက်ဖျက်မှု ၊ ပိုင်နက် ကျုးလွန်မှုတွေနဲ့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ် ။
ရေနံချောင်းမြေနုကျွန်းပဋိပက္ခ မှာ ဖရဲကျွန်း ကန်သာ ရွာနှစ်ရွာက အဓိက ပါဝင်ကြပါတယ် ။
ဖရဲကျွန်းဘက်က အသက်မသေဘဲ ဆေးရုံတက် ပြီးကုသနေသူ၁၉ ဦး ရှိပြီးတော့ ဆေးစစ်ချက်တွေ ရလာလို့ အခုလိုအမှုဖွင့်လာကြတာလည်းဖြစ်ပါတယ်။
"အခု အမူထပ်ဖွင့်မှာ ကဒဏ်ရာနဲ့ ရေနစ်သေတဲ့ ၃ ယောက်အတွက်၊ မသေဘဲ ဆေးရုံ တက်ပြီးဒဏ် ရာရခဲ့သူတွေကလည်းထပ်ဖွင့်ဖို့ရှိတယ်လို့လည်း" ဦးမျိုးဇော်သန့် ကပြောပါတယ်။
တိုင်းအစိုးရ ရဲ့ ရဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ကလည်း နှစ်ဘက်ရွာသားတွေ ကို စစ်ဆေးနေပြီး သြဂုတ်လ ၆ ရက်နေ့အထိစစ်ဆေးဖို့ ဆင့်ခေါ်ထားတာတွေရှိတယ်လို့ လည်း ဖရဲကျွန်းဘက်ကပြောပါတယ်။
တိုင်းအစိုးရ ရဲ့စုံစမ်းရေးကော်မရှင်ကို တိုင်းအစိုးရအဖွဲ့ဝင် အလုပ်သမားဝန်ကြီး ဦးမြင့်ဆွေက ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီးပဋိပက္ခဖြစ်စဉ်အသေးစိတ်ကို လာမယ့် သြဂုတ် ၅ ရက်နေ့ အရောက် တိုင်းဝန်ကြီးချုပ်ထံ တင်ပြရမှာလို့ ဝန်ကြီးချုပ် ကတာဝန်ပေးထားပါတယ်။
ပြီးရင် ဘယ်လိုရှင်းမယ် ဆိုတာ ကတော့ ကွဲကွဲ ပြားပြား မသိရသေးပါဘူး ။
ဒါပေမဲ့ အခင်းဖြစ်တဲ့နေရာ ကအဖျက်ခံရတဲ့ အိမ်တွေက တော့ပြန်ဆောက်ထားတာတွေ့ရတယ် လို့ လည်းလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင် ဘီဘီစီကိုပြောပါတယ်။