ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အပူချိန်တွေ မြင့်တက်နေတဲ့အတွက် သတိပေးနှိုးဆော်ချက်တွေ ထုတ်ပြန်
မြန်မာနိုင်ငံမှာ နွေရာသီကာလအတွင်း အပူချိန်တွေ မြင့်တက်လာနေတဲ့အတွက် အပူဒဏ်ကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ မဖြစ်ပေါ်စေဘို့ သက်ဆိုင်ရာက သတိပေးနှိုးဆော်ချက်တွေ ထုတ်ပြန်ထားပါတယ်။
မြန်မာ နိုင်ငံ အလယ်ပိုင်း ထဲက နေရာ တချို့မှာဆိုရင် နေ့ အပူချိန်ဟာ ၄၆ ဒီဂရီ အထိ မြင့်တက် လာနေတာကြောင့် အခုလို ကျန်းမာရေး ပြဿနာများဆိုင်ရာ နှိုးဆော်ချက်တွေ ထုတ်ပြန်ခဲ့တာပါ။
မကွေးတိုင်း ဒေသကြီးထဲမှာ ၄၆ ဒီဂရီ အထိ ပူခဲ့တဲ့ နေရာတွေကတော့ တိုင်းမြို့တော် ဖြစ်တဲ့ မကွေးနဲ့ ရေနံမြေဒေသ ဖြစ်တဲ့ ချောက်တို့မှာ ဖြစ်ပါတယ်။
မကွေးတိုင်း ထဲက တခြား မြို့တွေဖြစ်တဲ့ မင်းဘူး၊ တောင်တွင်းကြီးနဲ့ ဆင်ဖြူကျွန်း တို့မှာလည်း အပူချိန် ၄၃ ဒီဂရီ စင်တီဂရိတ် ရောက်ခဲ့သလို မုံရွာနဲ့ မြင်းခြံတို့လို အလယ်ပိုင်း ဒေသ မြို့ကြီးတွေမှာ လည်း ၄၃ အထိ ပူခဲ့ပါတယ်။
သင်္ကြန်တွင်း ကာလမှာတော့ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းမှာ မုန်တိုင်း ကျနိုင်တယ်လို့ ခန့်မှန်း ထားတဲ့ အတွက် မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ မိုးရွာပြီး အပူချိန် ကျဆင်းနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။