အွန်လိုင်းကျော်ကြားသူတချို့ကို စစ်ကောင်စီ စောင့်ကြည့်

အွန်လိုင်းကျော်ကြားသူတချို့ကို စစ်ကောင်စီ စောင့်ကြည့်
ရေးသားခဲ့သည်။

စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပြည်ပရောက် ကျော်ကြားသူတွေရဲ့ အွန်လိုင်းစျေးရောင်းချမှုမှာ ကူညီပေးနေသူတွေကို အကြမ်းဖက်ပုဒ်မတွေနဲ့အရေးယူထားပြီး ထပ်မံအရေးယူဖို့ စောင့်ကြည့်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။ လက်ရှိမှာလည်း အဆိုတော် ချမ်းချမ်းရဲ့အွန်လိုင်းစျေးရောင်းချမှုကိုကူညီပေးတယ်လို့ စွပ်စွဲပြီး လူနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။ ပြည်ပက အွန်လိုင်းစတိုးတွေနဲ့ချိတ်ဆက်လုပ်ကိုင်နေတဲ့သူတွေရဲ့ စိုးရိမ်မှု ဘယ်လိုရှိနေလဲ။ အပြည့်အစုံကို ကိုကျော်ဇေယျက ပြောပြသွားမှာပါ။