ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယ မြန်မာ နယ်စပ်မှာ တမူး PDF ၁၀ ယောက် သတ်ဖြတ်ခံရ
အိန္ဒိယ မြန်မာ နယ်စပ်မှာ တမူး PDF ၁၀ ယောက် သတ်ဖြတ်ခံရ
ရေးသားခဲ့သည်။
မြန်မာ - အိန္ဒိယနယ်စပ်က တမူးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ဝင် ၁၀ ယောက်ကို အိန္ဒိယအာသံရိုင်ဖယ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတ်ဖြတ်ခဲ့တယ်လို့ တမူး PDF အဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒီကိစ္စကို အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနကို တင်ပြထားတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။ အိန္ဒိယ စစ်တပ်ကတော့ နယ်စပ် စစ်ဆင်ရေး တစ်ခု အတွင်းမှာ လက်နက်ကိုင် အဖွဲ့တစ်ခုကို ရှင်းလင်း နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒီ အကြောင်း ကိုမောင်က ပြောပြပေးမှာပါ။