ပရဟိတ သမား ရေနံ့သာ ဒင်းဂါးကို လက်နက်ကိုင် အဖွဲ့ ဖမ်းဆီးထား

ပရဟိတ သမား ရေနံ့သာ ဒင်းဂါးကို လက်နက်ကိုင် အဖွဲ့ ဖမ်းဆီးထား
ရေးသားခဲ့သည်။

အပူပိုင်းဒေသ ရေနံချောင်း၊ ချောက်နဲ့ ပုပ္ပားတောင်ခြေတဝိုက် စိမ်းလန်းစိုပြည်ဖို့ နှစ်ရှည်လများ သစ်ပင်စိုက်၊ ရေကန်တူးတာတွေ လုပ်ခဲ့တဲ့ ပရဟိတသမား ရေနံ့သာဒင်းဂါး ခေါ် ကိုဝေလင်းထွန်းကို ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ဖမ်းသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။ သစ်ပင်စိုက်နေချိန်မှာ အဖမ်းခံရတာဖြစ်ပြီး သူနဲ့အတူ သစ်တောဌာန ဝန်ထမ်း ၄ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ သူ့ကိုဘာကြောင့်ဖမ်းသွားတာလဲ။ ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်ပြတ်နေတာကြောင့်လည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။ ကိုဘိုဘိုက ပြောပြပေးထားပါတယ်။