ပင်လယ်နီထဲက အမေရိကန် စစ်သင်္ဘောတွေ

ပင်လယ်နီထဲက အမေရိကန် စစ်သင်္ဘောတွေ
ရေးသားခဲ့သည်။

ယီမင်ထဲက စစ်ရေးပစ်မှတ်တွေကို အမေရိကန်နဲ့ ယူကေတို့က ဒီတစ်ပတ်ထဲမှာ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီ သူပုန်အဖွဲ့ဟာ ဂါဇာထဲက အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို ဆန့်ကျင်တဲ့ အနေနဲ့ ပင်လယ်နီထဲမှာ သွားလာနေတဲ့ အစ္စရေးအပြင် အနောက်နိုင်ငံတွေနဲ့ ဆက်နွှယ်နေတယ်လို့ ယူဆရတဲ့ ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ပင်လယ်နီဒေသထဲက သင်္ဘောတွေကို အကာအကွယ်ပေးဖို့ အမေရိကန်နဲ့ ယူကေနိုင်ငံတို့ဟာ စစ်သင်္ဘောတွေ စေလွှတ်ထားပါတယ်။ ဘီဘီစီ အရှေ့အလယ်ပိုင်း ရေးရာ သတင်းထောက် နာဖစ် ကိုနာဗတ်ဟာ အရှေ့ မက်ဒီတာရေးနီးယန်း ကိုသွားနေတဲ့ အမေရိကန် စစ်င်္ဘောတွေပေါ် တက်ရောက်ပြီး သတင်းရယူထားပါတယ်။ မစန္ဒာဝင်းက ပြောပြပေးမှာပါ။ #ဘီဘီစီမြန်မာပိုင်း