ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ခြံအမှတ် ၅၄ လေလံတင် ရောင်းချမှု မအောင်မြင်
ခြံအမှတ် ၅၄ လေလံတင် ရောင်းချမှု မအောင်မြင်
ရေးသားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေဆိုင် အိမ်ဖြစ်တဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းပေါ်က ခြံအမှတ် ၅၄ ကို ဒီကနေ့မှာ လေလံတင်ရောင်းချခဲ့ပေမဲ့လည်း လေလံဆွဲမယ့်သူ မရှိလို့ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ အချိန် ၅ မိနစ်လောက်သာ ကြာမြင့်တဲ့ လေလံပွဲကို ခြံတံခါး အဝမှာတင် လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ခြံအမှတ် ၅၄ ရှေ့ကနေ ဘီဘီစီသတင်းထောက် ကိုသူရက သတင်းပေးပို့ထားပါတယ်။