ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ခန္ဓာကိုယ်ပြင်ပ နှလုံးကုသမှု
ခန္ဓာကိုယ်ပြင်ပ နှလုံးကုသမှု
ရေးသားခဲ့သည်။
ဗြိတိန်မှာ နှလုံးက ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ကလေးငယ်လေးတဦးဟာ အရေးကြီးဆုံး အချိန်ကို ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။ ၂၀၁၇ က မွေးဖွားခဲ့တဲ့ ဗန်နလိုပီ ဟုပ်ဟာအင်မတန် ကြုံခဲတဲ့ အခြေအနေမျိုးနဲ့ မွေးဖွားခဲ့တဲ့ ကလေးတွေထဲမှာ အသက်ရှင်နေသေးတဲ့ တဦးတည်းသော ကလေးငယ်ဖြစ်ပါတယ်။
အခုတော့ သူ့ နှလုံးကို သူ့ နံရိုးတွေကိုပဲ သုံးပြီး ကာကွယ်ပေးမယ့် နှလုံးအိမ်တခု တည်ဆောက်ပေးဖို့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ စီစဉ်နေကြပါပြီ။ ဆာရာ ဟော်လီရဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။ အခု သတင်းမှာ ခွဲစိတ်နေတဲ့ ပုံတွေ ပါတဲ့ အကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။