ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေး သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ
မန္တလေး သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ
ရေးသားခဲ့သည်။
စစ်အာဏာသိမ်း ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ နဲ့ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် မန္တလေး သပိတ် ခေါင်းဆောင် ကိုထက်မြတ်အောင်ဟာ စစ်တပ်က ဆုကြေးနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူ ဖြစ်ပါတယ်။ အခုတော့ သူဖမ်းခံလိုက်ရတာကြောင့် အသက် အန္တရာယ်ကိုပါ စိုးရိမ် နေရတယ်လို့ သူပါဝင် ခဲ့တဲ့ အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားပါတယ်။ ကိုထက်မြတ်အောင်ရဲ့ အကြောင်းကို မမေခင်က ပြောပြပေးမှာပါ။