ထိုင်းရောက် မြန်မာလုပ်သားတွေ အခက်ကြုံနေရ

ထိုင်းရောက် မြန်မာလုပ်သားတွေ အခက်ကြုံနေရ
ရေးသားခဲ့သည်။

စစ်မှုထမ်း ဥပဒေကို အတည်ပြုပြီးနောက်ပိုင်းမှာ အိမ်နီးချင်း ထိုင်းနိုင်ငံကို ရာနဲ့ချီတဲ့ လူတွေ နေ့စဉ် ထွက်ခွာ နေကြတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။ ဒီအထဲမှာ တရားဝင်သွားရောက်သူတွေရော၊ တရားမဝင် နယ်စပ်ဖြတ်ကျော် သွားရောက်တဲ့လူတွေ ပါဝင်ပါတယ်။ ထိုင်းရောက် မြန်မာ အလုပ်သမားတွေ အနေနဲ့လည်း လုပ်ခ လစာ အပြည့်အဝမရတာတွေအပြင် လုပ်ငန်းခွင်မှာ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ လည်းရင်ဆိုင်နေရပါတယ်။ မသူဇာလင်းက ပြောပြပေးမှာပါ။