ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်
နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်
ရေးသားခဲ့သည်။
မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ကြီးကြောင့် စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော်မှာ ထိခိုက် ပျက်စီးမှု အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် နေပြည်တော်မှာ ၄ နှစ်ကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ လူအများက စိုးရိမ်ပူပန်နေကြပါတယ်။ တခါ ငလျင်ရဲ့ ဗဟိုချက် အနီးကပ်ဆုံး မန္တလေးမြို့က အိုးဘိုထောင်မှာလည်း အကျဉ်းသူ တချို့ သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မသူဇာလင်းက ဆက်ပြီး ပြောပြပေးမှာပါ။