ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွေးကောက်ပွဲအတွက် မကြာခင် စတင်မဲဆွယ်ကြတော့မယ်
ရွေးကောက်ပွဲအတွက် မကြာခင် စတင်မဲဆွယ်ကြတော့မယ်
ရေးသားခဲ့သည်။
စစ်တပ်ဦးဆောင်ကျင်းပမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲအတွက် အခု အောက်တိုဘာလ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်အထိ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ်ထားတာကြောင့် နိုင်ငံရေးပါတီတွေ အနေနဲ့ မကြာခင် မဲဆွယ်စည်းရုံးရေး စတင်တော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း အတည်ပြုစာရင်းတွေ ထုတ်ပြန်နေပါပြီ။ ကြံ့ခိုင်ရေးပါတီမှာလည်း ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်မပြည့်မီလို့ ပယ်ချခံရသူတချို့ ရှိပါတယ်။ ဒီသတင်းအပြည့်အစုံကို ကိုကျော်ဇေယျက ပြောပြမှာပါ။