ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေးနိုင်ငံသားတွေ သေနတ်ကိုင်ဖို့ ကြိုးစားကြ
ဟားမတ်စ်အဖွဲ့လက်ထဲ ဓါးစားခံ ၂ဝဝကျော် ဖမ်းဆီးခံထားရစဲဖြစ်တဲ့ အောက်တိုဘာ ၇ရက်တိုက်ခိုက်မှု ဖြစ်ပြီးနောက်ပိုင်းမှာ အစ္စရေးနိုင်ငံသားတွေဟာ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင် လျှောက်ထားသူ တသိန်းနှစ်သောင်းကျော် အထိ တိုးလာပါတယ်။ နိုင်ငံတလွှား သေနတ်ဆိုင်တွေမှာ လူစည်ကားနေပြီး သေနတ်ပစ်ကွင်းတွေဆိုရင်လည်း လေ့ကျင့်ချင်သူတွေနဲ့ ပြည့်နေခဲ့ပါတယ်။ တချိန်တည်းမှာ လူများစု ဂျူးတွေကလည်း သူတို့ကိုယ်သူတို့ကာကွယ်ဖို့ ကြိုးစားနေပြီး အာရပ်နွယ်ဖွား အစ္စရေး တွေကတော့ သူတို့မှာ ဒါမျိုး စိုးရိမ်မှုတွေ အရင်က မဖြစ်ခဲ့ဖူးဘူးလို့ ပြောပါတယ်။ ဘီဘီစီ အာရပ်ဘစ် ဌာနက သတင်းထောက် မူဟန်နက်ဒ် တူတွန်ဂျီရဲ့ သတင်းကို ကိုမိုးမြင့်ကပြောပြပေးထားပါတယ်။