ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာလေတပ် လေယာဉ် မီဇိုရမ်မှာ ပြေးလမ်းချော်
မြန်မာလေတပ် လေယာဉ် မီဇိုရမ်မှာ ပြေးလမ်းချော်
ရေးသားခဲ့သည်။
မြန်မာနိုင်ငံထဲ ပေါ်ပေါက် နေတဲ့ တိုက်ပွဲတွေ အတွင်း အိန္ဒိယဘက်ခြမ်း ဝင်ပြေးကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ရာဂဏန်း တချို့ ရှိနေတာမှာ အိန္ဒိယ အာဏာပိုင်တွေကလည်း ရောက်လာကြသူတွေကို စစ်ကောင်စီထံ ပြန်လွှဲပေးနေပါတယ်။ မြန်မာစစ်တပ်က လေယာဉ်တွေနဲ့ သွားခေါ်နေတာမှာ ဒီကနေ့ မနက်ပိုင်း မှာတော့ စစ်တပ်ရဲ့ ပို့ဆောင်ရေး လေယာဉ်ဟာ မီဇိုရမ် လေဆိပ်ကို အဆင်း ပြေးလမ်းချော်ခဲ့ပြီး ထိခိုက် ဒဏ်ရာရမှုတွေ ဖြစ်ခဲ့တယ်လို့ စစ်ကောင်စီဘက်ကလည်း အတည်ပြုထားပါတယ်။ ကိုဝေဖြိုး ဆက်ပြောပြမှာပါ။