မွေးဖွားနှုန်း ကျဆင်းလာတဲ့ တောင်ကိုရီးယား

မွေးဖွားနှုန်း ကျဆင်းလာတဲ့ တောင်ကိုရီးယား
ရေးသားခဲ့သည်။

အခုဆယ်စုနှစ်တွေ အတွင်းမှာ နိုင်ငံအများစုဟာ ကလေးမွေးဖွားနှုန်းကျဆင်းမှာကို စိုးရိမ်ခဲ့ကြပြီး၊ ရလဒ် အနေနဲ့ သက်ကြီးရွယ်အို ဦးရေများပြားတဲ့ အခြေအနေတွေရှိခဲ့ပါတယ်။ တောင်ကိုရီးယား နိုင်ငံမှာ ဆိုရင်လည်း ဒီပြဿနာဟာ နိုင်ငံရဲ့ အကျပ်အတည်းတစ်ခုဖြစ်လာပါတယ်။ နိုင်ငံမှာ ကလေးမွေးဖွားနှုန်းက အနိမ့်ဆုံးအဆင့်ထိ ကျဆင်းသွားခဲ့တယ်လို့ အစိုးရက ပြောပါတယ်။ တောင်ကိုရီးယားမှာ ကလေးမွေးဖွားနှုန်းက အမျိုးသမီးတစ်ဦးမှာ ၀ ဒသမ၇၃ ရာခိုင်နှုန်းသာရှိပြီး၊ လူဦးရေ တိုးတက်ဖို့ဆိုရင် ၂ဒသမ ၁ ရာခိုင်နှုန်းအထိ လိုအပ်နေတာဖြစ်ပါတယ်။ ဘီဘီစီသတင်းထောက် ဂျင်း မက္ကင်ဇီရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးထားပါတယ်။