ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မုန်းမှာ တိုက်ပွဲပြင်းထန်ပြီး ဒေသခံတချို့ ပိတ်မိနေ
မုန်းမှာ တိုက်ပွဲပြင်းထန်ပြီး ဒေသခံတချို့ ပိတ်မိနေ
ရေးသားခဲ့သည်။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်းမှာရှိတဲ့ မုန်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင် အမျိုးသား လွတ်မြောက်ရေးတပ် (KNLA )နဲ့ PDF ပူးပေါင်းတပ်တွေကြား ၃ ရက်ကြာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒေသခံတွေ ပိတ်မိနေပြီး စစ်ပွဲနဲ့ လွတ်ရာကို ကူညီ ကယ်ထုတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း မုန်းမြို့ ပတ်ဝန်းကျင်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေပါတယ်။ မုန်းမြို့ဟာ စစ်ရေးအရ ဘယ်လောက်အထိ အရေးပါပါသလဲ။ အပြည့်အစုံ ကိုကျော်ဇေယျက ပြောပြပေးသွားမှာပါ။