ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အပစ်ရပ်ကြေညာထားချိန် ဗုံးကြဲမှုကြောင့် နေ့စဉ် ၁၀ယောက် ထက်မနည်း သေဆုံး
အပစ်ရပ်ကြေညာထားချိန် ဗုံးကြဲမှုကြောင့် နေ့စဉ် ၁၀ယောက် ထက်မနည်း သေဆုံး
ရေးသားခဲ့သည်။
ငလျင်ဘေးကူညီကယ်ဆယ်နိုင်ရေးအတွက် ဆိုပြီး စစ်ကောင်စီက အကြိမ်ကြိမ် အပစ်ရပ်ကြောင်း ကြေညာထားတဲ့ကာလအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု နေ့စဉ်နီးပါးလုပ်ဆောင်ခဲ့တာကြောင့် တစ်ရက်ကို အနည်းဆုံး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဟာ အရင်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ခဲ့ပေမယ့် ငလျင်လှုပ်ခတ်ပြီးနောက်မှာ ဗုံးကြဲတိုက်ခိုက်မှု ပိုများလာတာတွေ့ရပါတယ်။ ဒီအကြောင်း ကိုမိုးမြင့် က ပြောပြမှာပါ။