ရှမ်းပြည်မြောက်ပိုင်းမှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်ဆဲ

ရှမ်းပြည်မြောက်ပိုင်းမှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်ဆဲ
ရေးသားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ‌မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတာ ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့ဆိုရင် လေးရက်‌မြောက်ရှိပြီ ဖြစ်ပါတယ်။ ဒီလေးရက်အတွင်းမှာ စစ်ကောင်စီရဲ့ ယာယီတပ်စခန်းတွေ အပါအဝင် တပ်စခန်းပေါင်း ၇၀ နီးပါးကို ညီနောင်အဖွဲ့တွေက သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ဘက်ကပြောပါတယ်။ တိုက်ပွဲအခြေအနေတွေကြောင့် အဓိကကျတဲ့ လမ်းတွေ ပိတ်ထားတဲ့အတွက် တိုက်ပွဲအကြား ပိတ်မိသူတွေလည်ရှိနေပါတယ်။ အပြည့်အစုံကို ကိုဇေယျာထွန်းက ပြောပြပေးသွားမှာပါ။