ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ စစ်သားစုဆောင်းဖို့ လုပ်နေ
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ စစ်သားစုဆောင်းဖို့ လုပ်နေ
ရေးသားခဲ့သည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နပခ တည်ရှိတဲ့ အမ်းမြို့မှာ အရပ်သားတွေကို စစ်မှု ထမ်းဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် စာရင်းကောက်ယူတာ၊ ခေါ်ယူအသိပေးတာတွေရှိနေတယ်လို့ သိရပါတယ်။ ရခိုင်တစ်ပြည်နယ်လုံးမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ငါးမြို့သာကျန်တော့ပြီး အဲ့ဒီနေရာတွေမှာ နည်းမျိုးစုံနဲ့ စစ်သားအင်အားစုဆောင်းတာတွေ ရှိလာနေတာပါ။ အသေးစိတ်ကို ကိုကျော်ဇေယျ က ဆက်ပြောပါမယ်။