ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေး မှားသတ်မိတဲ့ ဓားစာခံတွေနဲ့ အတူထိန်းသိမ်းခံခဲ့ရသူ ထိုင်းဓားစာခံရဲ့ အတွေ့အကြုံ
အစ္စရေး မှားသတ်မိတဲ့ ဓားစာခံတွေနဲ့ အတူထိန်းသိမ်းခံခဲ့ရသူ ထိုင်းဓားစာခံရဲ့ အတွေ့အကြုံ
ရေးသားခဲ့သည်။
ဂါဇာမှာ ထိန်းသိမ်းခံထားရာကနေ ပြီးခဲ့တဲ့လက ပြန်လွတ်လာခဲ့တဲ့ ထိုင်းဓားစာခံ ၂၃ ဦးကို မှတ်မိကြဦးမှာပါ။ အဲဒီထဲက တစ်ဦးဖြစ်တဲ့ လယ်ယာ အလုပ်သမားတစ်ဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေးတပ်ဖွဲ့တွေ မှားယွင်း ပစ်သတ်မိခဲ့သူ အစ္စရေးဓားစာခံ လူငယ် ၃ ဦးနဲ့အတူတူ ပြန်ပေးဆွဲခံခဲ့ရပြီး အတူတူ ထိန်းသိမ်းခံခဲ့ရသူတွေ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ အဲဒီတုန်းက သူတို့ ထိန်းသိမ်းခံခဲ့ကြတဲ့ အတွေ့အကြုံအကြောင်း ဘီဘီစီသတင်းထောက် ဂျော်နသန် ဟက်ဒ်ရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။