ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံခြားငွေ လိုအပ်ချက်ရှိနေတယ်လို့ စစ်ကောင်စီပြော
နိုင်ငံခြားငွေ လိုအပ်ချက်ရှိနေတယ်လို့ စစ်ကောင်စီပြော
ရေးသားခဲ့သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ပနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ် ဆောင် ရွက်မှုတွေ များလာတာကြောင့် နိုင်ငံခြားငွေလိုအပ်ချက် ရှိလာပြီလို့ ထုတ်ပြောလာပါတယ်။ စစ်ကောင်စီက နိုင်ငံ ခြားငွေ ရရှိရေး ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းကို မဖြစ်မနေ လဲလှယ်ရမယ်ဆိုပြီး သတ်မှတ်တာ၊ ငွေကြေး ဖောင်းဖွမှု လျှော့ချဖို့ အခွန်စည်းကြပ်မှုတွေလည်း ပိုလုပ်လာနေပါတယ်။ စစ်ကောင်စီက လိုငွေပြနေတဲ့ နိုင်ငံခြားငွေ ရရှိရေး အတွက် ဘယ်လိုလုပ်ဆောင်နေပါသလဲ။ အပြည့်အစုံကို ကိုသူရကပြောပါမယ်။