ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ် ရေတပ် အင်အားတိုးချဲ့
ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ကို အောင်နိုင်ခဲ့တဲ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့က တရုတ် နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ အဲဒီမှာ သူတို့ရဲ့ နောက်ဆုံးထုတ် စစ်လက်နက် ပစ္စည်းတွေကိုလည်း ထုတ်ပြသွားခဲ့ပါတယ်။ နောက်ပြီး တရုတ် နိုင်ငံဟာ ရေတပ် အင်အားကိုလည်း တိုးချဲ့နေပြီး ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဗြိတိန် တော်ဝင် ရေတပ် အင်အားနဲ့ ညီမျှတဲ့ ရေတပ်တစ်ခုကို ၄ နှစ် တစ်ကြိမ် တည်ဆောက် နိုင်စွမ်း ရှိပါတယ်။ အခုအခါမှာ ကမ္ဘာပေါ်မှာ အကြီးဆုံး ရေကြောင်း တပ်ဖွဲ့ကြီးကို ပိုင်ဆိုင်နေပြီလည်း ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာ ဘေကျင်း မြို့ကနေ ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြပေးမှာပါ။