ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပုဂံမြို့သစ် ဂန့်ဂါ ပစ်ခတ်မှုမှာ သေဆုံးသူတွေရှိ
ပုဂံမြို့သစ် ဂန့်ဂါ ပစ်ခတ်မှုမှာ သေဆုံးသူတွေရှိ
ရေးသားခဲ့သည်။
မန္တလေးတိုင်း ညောင်ဦးမြို့ နယ် ပုဂံမြို့သစ် ဂန့်ဂါရပ်ကွက် ဓမ္မာရုံမှာရှိနေတဲ့ ပြည်သူစစ်ခေါင်းဆောင်အပါအဝင်ရှစ်ဦးကို ဇွန် ၁ ရက်နေ့က ပစ်ခတ်ခဲ့တယ်လို့ မြင်းခြံအခြေစိုက် ထနောင်းမြေစစ်ကြောင်းက ဇွန် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒေသခံတချို့ကတော့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ အများစုဟာ အသက် ၆၀ ကျော်အရွယ် လူကြီးပိုင်းတွေဖြစ်ပြီး ပဋ္ဌာန်းပူဇော်ပွဲအတွက် အစည်းအဝေးလုပ်နေသူတွေလို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုကွဲလွဲမှုတွေ ရှိနေပါလဲ။ ဒီအကြောင်းကို ကိုမိုးမြင့် ပြောပြမှာပါ။