ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေးတဝိုက် လုံခြုံရေး တိုးမြှင့်
မန္တလေးတဝိုက် လုံခြုံရေး တိုးမြှင့်
ရေးသားခဲ့သည်။
၁၀၂၇ ဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးကြောင့် မန္တလေးတိုင်းထဲက စဥ့်ကူးနဲ့ မတ္တရာထိ ဒေသကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်လာနိုင်တဲ့နောက် မြို့တော် မန္တလေးမြို့အထိ မရောက်လာစေဖို့ စစ်ကောင်စီက လေဆိပ်ရှိတဲ့ တံတားဦးမြို့နယ် ပတ်ပတ်လည်ကို အင်အားတိုးမြှင့်ချထားသလို လုံခြုံရေးတင်းကျပ်ထားပါတယ်။ မန္တလေးမြို့တွင်းမှာလည်း နေ့လယ်နေ့ခင်းအချိန်တွေမှာပါ ဧည့်စာရင်းစစ်ဆေးတာတွေပါ ရှိလာပြီး စစ်ဆေးရေးတွေ တိုးချဲ့ထားတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုဘိုဘိုက စုစည်းပြောပြပါမယ်။