ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါချုပ်ဆရာတော် ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ
ပါချုပ်ဆရာတော် ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ
ရေးသားခဲ့သည်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါချုပ်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာနန္ဒမာလာဘိဝံသ ကမကထ လုပ်ပြီး လှူဒါန်းတည်ဆောက်ထားတဲ့ မေတ္တာနန္ဒဆေးရုံ (ယက္ကန်းစင်ဆေးရုံ) ကို ထိမှန်ခဲ့ပြီး ဆေးရုံတက်နေတဲ့ လူနာတွေထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ကလေးမွေးဖွားပြီးခါစ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ မန္တလေး တစ်ဖက်ကမ်း မင်းကွန်းဒေသဘက်မှာလည်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ လက်ရှိ စဉ့်ကူးနဲ့ မင်းကွန်းဒေသ အခြေအနေ ဘယ်လိုရှိလဲဆိုတာကို မသီရိဇော်က ပြောပြပေးမှာပါ။