ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
AA ထိုးစစ် တိုင်း ၃ တိုင်းထဲ ရောက်လာ
AA ထိုးစစ် တိုင်း ၃ တိုင်းထဲ ရောက်လာ
ရေးသားခဲ့သည်။
ရခိုင်ပြည်နယ်ထဲက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ နဲ့ အမှတ် ၅ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် စကခ -၅ တို့ကို သိမ်းပိုက်လိုက်ပြီး နှစ်လအကြာမှာတော့ အေအေရဲ့ ထိုးစစ်တွေက ပဲခူတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်း ဘက်တွေကို အရှိန်အဟုန်နဲ့ ဝင်ရောက်လာနေပါတယ်။ လက်ရှိမှာတော့ ပဲခူးတိုင်းထဲက ပန်းတောင်းမြို့နယ်မှာရှိတဲ့ ညောင်ကျိုးနဲ့ နတ်တောင် တာဝါတိုင်စခန်းတွေကို ထိုးစစ်ဆင်နေပါတယ်။ အဲ့ဒီစခန်းတွေကျလို့ရှိရင် စစ်မြားတွေက ဘယ်ကိုဦးတည်လာနိုင်ပါသလဲ။ ဒီအကြောင်း ကိုဘိုဘိုက ပြောပြပေးပါမယ်။