ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်မှုထမ်းသက် အကျုံးဝင်သူတွေ ပြည်နယ်က ထွက်ခွာခွင့် အေအေ တားမြစ်
စစ်မှုထမ်းသက် အကျုံးဝင်သူတွေ ပြည်နယ်က ထွက်ခွာခွင့် အေအေ တားမြစ်
ရေးသားခဲ့သည်။
ရခိုင်ပြည်နယ်မှာ စစ်မှုထမ်းသက် အကျုံးဝင်တဲ့ လူတွေကို ပြည်နယ်ထဲကနေ ထွက်ခွာခွင့် အာရက္ခတပ်တော် အေအေက မနေ့က ကြေညာချက် ထုတ်ပြန်ပြီး တားမြစ်လိုက်ပါတယ်။ ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့သိမ်းတိုက်ပွဲတွေ ဆက်လက် ဆင်နွှဲနေချိန် ဖြစ်တာကြောင့်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီတားမြစ်ချက်ကြောင့် ရခိုင် ဒေသခံတွေ အကြား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ကိုဇေယျာက ဆက်ပြီး ပြောပြပေးမှာပါ။