ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် အာကာသတပ်ဖွဲ့ရဲ့ ရွှေရောင်ကွန်ချာ
အမေရိကန် အာကာသ တပ်ဖွဲ့က အာကာသထဲမှာ တိုက်ခိုက် အနိုင်ယူဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုပါတယ်။ သမ္မတ ထရမ့်က GOLDEN DOME လို့ နာမည်ပေးထားတဲ့ အမေရိကန် ရဲ့ မစ်ဇိုင်း ဒုံးကျည် ကာကွယ်ရေး အစီအစဉ်တစ်ခုကိုလည်း ဖန်တီး လုပ်ဆောင်နေပါပြီ။ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက တည်ထောင်ခဲ့တဲ့ အမေရိကန် အာကာသ တပ်ဖွဲ့ဟာ နောက်ဆုံးပေါ် တပ်ဖွဲ့ တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ် ဟန့်တားရေး ကိစ္စတွေနဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေ အပေါ် အမေရိကန်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ရာမှာ အကူအညီ အများကြီး ပေးနိုင်ခဲ့ပါတယ်။ ဘီဘီစီ ကာကွယ်ရေး သတင်းထောက် ဂျိုနသန် ဘီးလ် ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးထားပါတယ်။