လူ၇၀ ကျော် သေဆုံးခဲ့ရတဲ့ အစ္စရေးရဲ့ စီးနင်းမှု

လူ၇၀ ကျော် သေဆုံးခဲ့ရတဲ့ အစ္စရေးရဲ့ စီးနင်းမှု
ရေးသားခဲ့သည်။

ဂါဇာထဲမှာ ဓားစာခံ ၁၃၀ လောက်ကို ဟားမတ်စ်တို့ ဖမ်းဆီးထားဆဲလို့ အစ္စရေးတို့က ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာတော့ အစ္စရေး အထူးတပ်ဖွဲ့ဟာ ရာဖာမြို့ထဲကို ဝင်ရောက်စီးနင်းပြီး ဓားစာခံ ၂ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အစ္စရေးရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် လူ၇၀ ကျော် သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီပြီး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ဖာဂယ် ကင်းရဲ့သတင်းကို ကိုရင်မောင်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ အကြောင်းအရာတွေ ပါဝင်နိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။