ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နာဆာဆေးရုံမှာ ကျန်ခဲ့တဲ့ လူနာတွေနဲ့ ဆရာဝန်တွေရဲ့ အခြေအနေ
ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေးတပ်ဖွဲ့တွေ စီးနင်းဝင်ရောက်ခဲ့တဲ့ ဂါဇာတောင်ပိုင်း နာဆာ ဆေးရုံထဲက ပုံတွေ ပထမဆုံး ထွက်ပေါ်လာပါပြီ။ ခန်းယူနစ်စ်မြို့က အဲဒီ ဆေးရုံအထဲနဲ့ အနီးတဝိုက်က မြင်ကွင်းတွေဟာ ပြောမပြတတ်လောက်အောင် ဆိုးဝါးလှပြီး ဆေးရုံတွင်းက အခြေအနေဟာ ရောဂါပိုးတွေ အလျင်အမြန် ကူးစက်ပျံ့နှံ့နိုင်မယ့် အခြေအနေ ဖြစ်နေတယ်လို့ အဲဒီကို ရိက္ခာ ကားတန်း ပို့ခွင့်ရသွားပြီ ဖြစ်တဲ့ ကုလသဂ္ဂက ပြောပါတယ်။ အခုအခါ လူနာ ဒါဇင်ပေါင်း များစွာကို ဆေးရုံထဲကနေ ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပေမဲ့ ဆရာဝန်တွေနဲ့ လူနာ ၁၃၀ လောက် ဆေးရုံတွင်းမှာ ရှိနေတုန်းပဲလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ သံတမန်ရေးရာ ဘီဘီစီသတင်းထောက် ပေါလ် အက်ဒမ်စ်ရဲ့ သတင်းကို ကိုဇေယျာက ပြောပြမှာပါ။