ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
AA ရဲ့ အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲ
AA ရဲ့ အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲ
ရေးသားခဲ့သည်။
အာရက္ခတပ်တော် AA ရဲ့ စစ်မြေပြင်အကျဉ်းစခန်းတွေကို အခုရက်ပိုင်း စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ ပေါက်တောနဲ့ မောင်တောမှာ အကျဉ်းသား ၅၀ ကျော်သေဆုံးခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိသူတွေလည်းရှိနေပါတယ်။ သေဆုံးသူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဖြစ်တဲ့ RSO, ARSA နဲ့ ရခိုင်လွတ်မြောက်ရေး ပါတီ ALP တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ အေအေက ပြောပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။