ဂါဇာစစ်ပွဲ တလပြည့်ပြီ

ဂါဇာစစ်ပွဲ တလပြည့်ပြီ
ရေးသားခဲ့သည်။

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက အခုတိုက်နေ ခိုက်နေကြတာတွေ ပြီးသွားတဲ့အခါမှာ ဂါဇာရဲ့ လုံခြုံရေးရာနဲ့ ပတ်သက်ရင် အစ္စရေးက အလုံးစုံ တာဝန်ယူသွားမယ်လို့ ပြောပါတယ်။ ဂါဇာက ဟားမတ်စ်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနာက စစ်စပြီးနောက် သေဆုံးသူ ၁၀,၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ ထုတ်ပြန်လိုက်စဉ်မှာပဲ အခုလို ပြောလိုက်တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်က ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ခဲ့တာ ဒီနေ့ဆိုရင် ၁ လ ပြည့်ပြီ ဖြစ်ပြီး အဲဒီတုန်းက လူပေါင်း ၁၄၀၀ ကျော်သေဆုံးခဲ့သလို ၂၀၀ ကျော်လည်း ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ ဘီဘီစီ အရှေ့အလယ်ပိုင်း သတင်းထောက် ယိုလန်နဲလ်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။