ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမြန်လမ်းဟောင်း ဘက်က စစ်ကောင်စီ စခန်းတွေကို ပူပေါင်းအဖွဲ့တွေ တိုက်ခိုက်
အမြန်လမ်းဟောင်း ဘက်က စစ်ကောင်စီ စခန်းတွေကို ပူပေါင်းအဖွဲ့တွေ တိုက်ခိုက်
ရေးသားခဲ့သည်။
ရန်ကုန် မန္တလေး အမြန် လမ်းဟောင်းဘက်ခြမ်းမှာ ရှိတဲ့ စစ်ကောင်စီ တစ်စခန်း ၉ ခုကို KNLA၊ PDF ပူးပေါင်း တပ်တွေက မနေ့က တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ တိုက်ပွဲ အတွင်းမှာ လက်နက် ခံယမ်းတွေနဲ့ စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အမြန်လမ်းကို ထိန်းချုပ် နိုင်ခြင်း မရှိသေးပေမဲ့လည်း စစ်ကောင်စီ အတွက် အရေးပါတဲ့ နေရာတွေကို တဆင့်ချင်း ဆက်လက် တိုက်ခိုက် သွားမယ်လို့လည်း ပါဝင် တိုက်ခိုက်ခဲ့သူတွေက ပြောပါတယ်။ မစန္ဒာဝင်းက ဆက်ပြီး ပြောပြပေးမှာပါ။