ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြစ်ကြီးနားထောင် ဆန္ဒပြပွဲ ပစ်ခတ်နှိမ်နင်းခံရ
မြစ်ကြီးနားထောင် ဆန္ဒပြပွဲ ပစ်ခတ်နှိမ်နင်းခံရ
ရေးသားခဲ့သည်။
မြစ်ကြီးနားအကျဉ်းထောင်မှာ ဧပြီ ၁၈ ရက် ညနေပိုင်းက အကျဥ်းသားတွေ ဆန္ဒပြမှုကို အကျဥ်းထောင်ဝန်ထမ်းတွေက ပစ်ခတ်နှိမ်နင်းလို့ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့ပါတယ်။ ဆန္ဒပြသူတွေကိုလူစုခွဲဖို့ နှစ်ကြိမ်ပြောကြားခဲ့ပေမဲ့ ဝန်ထမ်းတွေကို ရန်ပြုလို့ အဓိကရုဏ်းနှိမ်နင်းရေးလက်နက်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ စစ်ကောင်စီကလည်း ဝန်ခံထုတ်ပြန်လာပါတယ်။ ဧပြီ ၁၉ ရက်မနက်ပိုင်းအထိ ထောင်တွင်း ဆန္ဒပြမှု တချို့ ဆက်ရှိနေပါတယ်။ လူသေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ မြစ်ကြီးနားထောင်အခြေအနေကို မဇာဏီထွဏ်းက စုစည်းပြောပြမှာပါ။