ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေပြည်တော်က ငြိမ်းချမ်းရေး ညီလာခံ ၂၀၂၅ ပထမနေ့
နေပြည်တော်က ငြိမ်းချမ်းရေး ညီလာခံ ၂၀၂၅ ပထမနေ့
ရေးသားခဲ့သည်။
ဒီကနေ့ နေပြည်တော်မှာ ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၅ ဆိုတဲ့ ဆွေးနွေးပွဲ တစ်ခု လုပ်နေပါတယ်။ ၃ ရက်တာ ကျင်းပ မယ့် ဒီပွဲမှာ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲ၊ ငလျင်ကာလအလွန် ပြန်လည် ထူထောင်ရေး၊ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ မြန်မာ့အရေး ချည်းကပ်မှုနဲ့ မြန်မာ့အကျပ်အတည်းကို အားလုံး ပူးပေါင်း ဖြေရှင်းနိုင်ရေးဆိုတဲ့ ခေါင်းစဥ်တွေနဲ့ ဆွေးနွေး နေကြပါတယ်။ အဲဒီ ဆွေးနွေးပွဲကို တရုတ် အစိုးရရဲ့ အထူးကိုယ်စားလှယ် ဖြစ်တဲ့ တိန့်ရှီကျွင်းလည်း တက်ရောက်နေပါတယ်။ နေပြည်တော်ကို ရောက်ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ကိုထက်နိုင်ဇော်က ပြောပြပေးမှာပါ။