ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွှေကူမြို့နေလူထု ရှောင်ကြဖို့ KIA ပြော
ရွှေကူမြို့နေလူထု ရှောင်ကြဖို့ KIA ပြော
ရေးသားခဲ့သည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲက ရွှေကူမြို့မှာရှိတဲ့ ပြည်သူတွေအားလုံး မြို့ပေါ်ကနေ ထွက်ခွာဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မနေ့မှာပဲ စာထုတ်ပြီး သတိပေးထား ပါတယ်။ ဒါ့အပြင် ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းကိုပါ ရက်အကန့်သတ်မရှိ သွားလာခွင့် ပိတ်ပင်လိုက်ပြီး တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြဖို့လည်း ပါဝင်ပါတယ်။ KIA က ဘာကြောင့်အခုလို ထုတ်ပြန်တာပါလဲ။ ဒီအပေါ် ရွှေကူမြို့ခံတွေကရော ဘယ်လို သဘောထားရှိပါသလဲ။ ဒီအကြောင်းကို မသီဒါနွယ် ကစုစည်းပြောပြပေးမှာပါ။