ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မဲစာရင်း အမှားအယွင်းရှိနေတယ်လို့ ကြံ့ခိုင်ရေးပါတီပြော
မဲစာရင်း အမှားအယွင်းရှိနေတယ်လို့ ကြံ့ခိုင်ရေးပါတီပြော
ရေးသားခဲ့သည်။
စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်တဲ့ မဲစာရင်းက အမှားအယွင်းတွေများနေတယ်လို့ ကြံ့ခိုင်ရေးပါတီ နေပြည်တော်ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေက ပြောပါတယ်။ မဲစာရင်းသန်းနဲ့ချီမှားယွင်းပြီးမဲမသမာမှုတွေကို မဖြေရှင်းလို့ အာဏာသိမ်းရတာလို့ စစ်ခေါင်းဆောင်က အမြဲပြောနေချိန် အခုလို မဲစာရင်းမှားယွင်းမှုတွေအပေါ် ဘယ်လိုတုံ့ပြန်မှုတွေ ရှိနေပါလဲ။ ဒီအကြောင်း ကိုကျော်ဇေယျ ပြောပြမှာပါ။